ခေတ်မှီသော ဘက်စုံသုံးကိုယ်ထည်နှင့် အပြာရောင်နှင့် အစင်းပုံစံပေါင်းစပ်တည်ဆောက်ထားသော ကြောင့် သဘောကျနှစ်သက်ဖွယ်ကောင်းသော drive ဖြစ်ပါသည်။ ထို့အပြင် ပြောင်လက်သော စတီးနှင့် ပြုတ်ကျခြင်းဒဏ်ခံနိုင်သော နည်းပညာပေါင်းစပ်အသုံးပြုထားသော ကြောင့် နှစ်သက်စွဲမက်ဖွယ်ကောင်းယုံသာမက လက်ဗွေယာဖြစ်ခြင်းနှင့် ခြစ်ရာဖြစ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါသည်။
Drive ၏ အပေါ်ဘက်တွင် ချိတ်တွဲရန် အပေါက်ပါဝင်သောကြောင့် သယ်ဆောင်သိမ်းဆည်းရလွယ်ကူပြီး အသုံးပြုသူတွေသည် သော့ချိတ်ကွင်း၊ ပိုက်ဆံအိတ်များနှင့် လွယ်အိတ်များတွင် အလွယ်တကူ ချိတ်တွဲသယ်ဆောင်သွားနိုင်ပါသည်။
ဒေတာပျောက်ဆုံးခြင်းနှင့် ပျက်ဆီးခြင်းကို ကာကွယ်ပေးသော Touch T835 သည် Micro COB (Chip On Board) နည်း ပညာကို အသုံးပြုထားသောကြောင့် ရေစိုခြင်း၊ ဖုန်ဒဏ်နှင့်တုန်ခါခြင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါသည်။