Silicon Power Computer & Communications Inc သည် ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခိုင်မာသော အမှတ်တံဆိပ်အဖြစ် နှင့် ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်စွာထွက်ရှိလာပါသည်။ SP သည် memory cards, USB flash drives, external hard drives, solid state drives, power banks နှင့် DRAM modules များ ထုတ်လုပ်မှုတွင် ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်မှာ တည်တံ့စွာဦးဆောင်နိုင်သောbrand ဖြစ်ပါသည်။ ကုန်ပစ္စည်းများသည် digital storage device အဖြစ်သာမက “Memory is Personal” သင်ရဲ့တန်ဖိုးရှိသောအမှတ်တရများကိုထိန်းသိမ်းပေးနိုင်သော ပြီးပြည့်စုံသော အမှတ်တံဆိပ်ဖြစ်ပါသည်။
ဂရုစိုက်ခြင်း၊ မျှဝေခြင်းနှင့် ယုံကြည်စိတ်ချရခြင်းသည်SP ၏ပိုမိုသောလူမှုရေးရာ ပတ်ဝန်းကျင် ခံယူချက်ဖြစ်ပါသည်။
SP/Silicon Power သည် အရည်အသွေးထိန်းသိမ်းခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ၎င်း၏ လူမှုနယ်ပယ်တွင် တာဝန်ယူခြင်းများကို ပိုမိုပြည့်စုံစေမည်ဟု ယုံကြည်ထားပါသည်။ SP သည် ကမ္ဘာအနှံမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြစ်သည့် RoHS (Restriction of Hazardous Substances Directive), WEEE (Waste Electrical and Electronic Equipment Directive), GCC (Gulf Cooperation Council), PFOS (Perfluorooctance Sulfonate) တို့ကို လိုက်နာထားပြီး greener ကုန်ပစ္စည်းများနှင့် ထုတ်လုပ်မှုပိုင်းတွင် Green Dot နှင့် ISO9001 နှင့် ISO14001 လည်း အသိမှတ်ပြုလက်မှတ်များရရှိထားပါသည်။ထို့အပြင် လူမှုရေးဆိုင်ရာအပိုင်းတွင်လည်း ကျွန်ုပ်တို့နှင့်တွဲဖက်လုပ်ကိုင်သောလုပ်ငန်းလက်တွဲဖော်များ၊ဝန်ထမ်းများကိုအလေးထားပြီးပြန်လည်ပေးဆပ်ရန်အတွက် အကူအညီလိုအပ်သော အဖွဲ့အစည်းများ၊ ပညာရေးပိုင်းဆိုင်ရာ အထောက်အကူနှင့် မြန်မာပြည်တွင်မိဘမဲ့ဂေဟာ၊ စာသင်တိုက်စသောအလှူများကိုပါဝင်လှူဒါန်းခြင်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ပြန်လည်ပေးဆပ်ပါသည်။