Power S82 ၏ အရှေ့မျက်နှာပြင်ကို စမက် ဖုန်း၏ အနောက်ဖက်အဖုံးပုံစံ ဖြစ်သောကြောင့် ထိတွေ့ ကိုင်ဆောင်ရာတွင် ပိုမိုပေါ့ပါးလွယ်ကူစေပါတယ်။နောက်ဘက်ရာဘာမျက်နှာပြင်သည် ပစ္စည်းကို ချောကျခြင်း၊ပြုတ်ကျခြင်း၊ ခြစ်ရာဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး လျှပ်စစ်အပူကာကွယ်ပေးသော ပစ္စည်းအဖြစ်ပါပြုနိုင်ပါတယ်။ သုံးစွဲသူတွေသည်S82 ၏ခိုင်ခန့်တည်ငြိမ်မှုရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ခရီးသွားသူများအတွက် အဆင်ပြေစေပါသည်။
Power S82သည် သွင်ပြင်အားဖြင့် Li-polymer battery 8000mAh ပမာဏရှိပြီး အကြိမ်၅၀၀ ပြန်လည်အားသွင်းအသုံးပြုနိုင်သည့်အပြင် စမက်ဖုန်းများ၊ တက်ပလက်များကို လည်းထောက်ပံ့ပေးနိုင်ပါသည်။ 2.A output နှင့် USB ပေါက်နှစ်ခု ပါဝင်သော dual USB ports တပ်ဆင်ထားသောကြောင့် device နှစ်ခုကို တစ်ပြိုင်တည်းပိုမို လျင်မြန်စွာ အားသွင်းနိုင်မှာဖြစ်ပါသည်။
S82 သည် ၁၀စက္ကန့်ပါဝါ သိမ်းဆည်းခြင်းစနစ်ကို ထောက်ပံ့ပေးပြီးအားပြည့်ပါက ၁၀စက္ကန့် အတွင်း အလိုအလျောက် ပိတ်သိမ်းပေးသော စနစ်ပါဝင်ပါသည်။ 4-level LED အချက်ပြစနစ်ကို အသုံးပြုထားသောကြောင့် အသုံးပြုသူများသည်အားသွင်းမှုကို အလွယ်တကူ သိရှိနိုင်ပါသည်။ " Plag and charge " ပြုလုပ်ရာတွင်လည်းပဲ S82ကို အားသွင်းထားစဉ် တစ်ပြိုင်နက် အခြားအရာကိုပါ ခလုပ်ပိတ်ဖွင့်စရာမလိုပဲတစ်ပြိုင်တည်းအားသွင်းနိုင်ပါသည်။
Power S82သည်လုံခြုံစိတ်ချရမှုနှင့် ကြာရှည်ခံနိုင်မှုကို အမြင့်မားဆုံးထောက်ပံ့ပေးသော OVP (voltage လွန်ကဲမှုကိုကာကွယ်ခြင်း)၊ UVP (voltageလျော့နည်းမှုကို ကာကွယ်ပေးခြင်း)၊ OCP (လျှပ်စီးမှုလွန်ကဲခြင်း)နှင့်SCP(လျှပ်စီးမှုတိုတောင်းခြင်းကိုကာကွယ်ပေးနိုင်ခြင်း)စသော အဆင့်လေးဆင့်ဖြင့်တပ်ဆင်ထားပါသည်။S82သည် FCC,CE,BSMI,တို့မှ ထောက်ခံချက်ကိုရရှိထားပြီး European , RoHS မှညွှန်ကြားချက်များနှင့် အခြားသောကမ္ဘာ အသိမှတ်ပြု ဆုလက်မှတ်များရရှိထားပါတယ်။ ထို့အပြင် အာမခံ၁၃လပေးထားပြီး USD ၁၀သန်းနှင့်အထက် ပစ္စည်းအာမခံချက်ရရှိနိုင်ပါသည်။
ဖော်ပြချက် | Organizer | နိုင်ငံ | Year |
Taiwan Excellence Award | Taiwan External Trade Development Council | Taiwan | 2016 |
ဖော်ပြချက် | Taiwan Excellence Award |
Organizer | Taiwan External Trade Development Council |
နိုင်ငံ | Taiwan |
Year | 2016 |