GP27 ၏မျက်နှာပြင်သည် သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီးအပြင်ပိုင်းမှ ကြည့်လျှင်လင်းလက်သောအသွင်ပြင်နှင့် ရိုးရှင်းသောပုံစံဖြစ်သည်။ GP27၏ကိုယ်ထည်သည် ပေါ့ပါးသေးငယ်သောကြောင့် အိတ်ကပ်များထဲတွင် လွယ်ကူအဆင်ပြေစွာထည့်၍ သယ်ဆောင်နိုင်သည့်အပြင် လက်ထဲတွင်လည်း ကောင်းမွန်စွာဆုပ်ကိုင်၍ စမတ်ဖုန်းများနှင့်အတူ တွဲဖက်ကိုင်ဆောင်အသုံးပြုနိုင်ပါသည်။
GP27၏ သိုလှောင်မှုပမာဏမှာ 10,000mAh ရှိသောကြောင့် တစ်နေ့တာအတွက် ခရီးတိုထွက်ခြင်း၊ အလုပ်ကိစ္စများအတွက် ခရီးထွက်ခြင်းများအတွက် သင့်တော်စေပါသည်။ ထို့ပြင်USB Type-A outputs နှစ်ခုပါရှိသောကြောင့် တစ်ချိန်ထဲမှာပင် devices နှစ်မျိုးကို ပါဝါသွင်းအသုံးပြုနိုင်မှာ ဖြစ်သည်။ ပါဝါသည် ကျွန်ုပ်တို့အတွက်နေ့စဉ် လိုအပ်သောစွမ်းအင်ဖြစ်ပြီး အရာရာတိုင်းအတွက် ပိုမိုအဆင်ပြေချောမွေ့စေနိုင်မှာဖြစ်ပါသည်။
အဆင့်လေးဆင့်ပါရှိသောLEDအချက်ပြမီးကြောင့် အသုံးပြုသူများသည်လွယ်ကူစွာဖြင့် ပါဝါသွင်းမှုနှင့်ကျန်ရှိသောပါဝါအခြေအနေကိုကောင်းမွန်စွာ သိရှိနိုင်မှာဖြစ်ပါသည်။
smartSENSE: မည်သည့် device များနှင့်မဆို အလွယ်တကူ ချိတ်ဆက်နိုင်ပြီး အားသွင်းမှုအမြန်နှုန်း နှင့်အတူ မည်သည့် Ampere လျှပ်စစ်စီးဆင်းမှုမဆို လိုက်လျောညီထွေမှုရှိစွာ လုပ်ဆောင်ပေးနိုင်သော နည်းပညာဖြစ်ပါသည်။
smartFOCUS: အားသွင်းရာတွင် အမြင့်ဆုံးအားသွင်းနိုင်စွမ်းကို ထိန်းသိမ်းရန် စီးဆင်းသွားသော Voltage လျှပ်စစ်စီးကြောင်းအား တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်သော အဆင့်မြင့် နည်းပညာဖြစ်ပါသည်။
smartSHIELD: စနစ်ကျသောစစ်ဆေးမှုတို့ကို လုပ်ဆောင်ထားပြီး ၁၂မျိုးသောကာကွယ်မှုတို့ ပါရှိ၍ အားသွင်းမှုကို လုံခြုံစွာ လုပ်ဆောင်ပေးနိုင်ပြီး တာရှည်အသုံးခံနိုင်ခြင်းနည်းပညာဖြစ်ပါသည်။