Cell C100/GP10 အသစ်သည် သင့်စမတ်ဖုန်းအတွက်အားသွင်းရန်ရှာဖွေနေသော ပါဝါဘဏ် အရွယ်အစားအမှန်ဖြစ်မှာသေချာပါတယ်။ပေါ့ပါးသေးငယ်၍ လွယ်ကူစွာ သယ်ဆောင်နိုင်ပြီး သိုလှောင်မှု 10000mAh ဖြစ်သောကြောင့် စမတ်ဖုန်းအတွက် ၃.၅ကြိမ် ပြန်လည်ဖြည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။
Cell C100/GP10သည် ခရီးသွားစဉ် သင်လိုအပ်သော ပါဝါအတွက် သင့်တစ်ဦးအတွက်သာမက မိသားစု အတွက်ပါလိုအပ်သောအားအင်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူများအတွက် ပေါ့ပါးပြီး အရွယ်အစားသေးငယ်သောကြောင့် အင်္ကျီအိတ်ကပ်ထဲတွင်အလွယ်တကူထည့်ယူသယ်ဆောင်နိုင်ပြီး ကိုင်ဆောင်ရာတွင်လည်းချောမွေ့သောအထိအတွေ့ကို ခံစားနိုင်မှာဖြစ်ပါတယ်။
Cell C100/GP10က ဖုန်းနှစ်လုံးကိုတစ်ချိန်ထဲတွင် တစ်ပြိုင်ထဲ USB Type-A connectors နှစ်ခုဖြင့် အတူအားသွင်းနိုင်မှာ ဖြစ်ပါတယ်။ သင်၏ device မှန်သမျှ လိုအပ်သောအားအင်ကိုသွင်းပေးနိုင်ယုံသာမက သူငယ်ချင်းမိတ်ဆွေတို့ကိုလဲ အားအင် ဝေမျှနိုင်မှာဖြစ်ပါတယ်။ C 100ကို လွယ်ကူစွာသယ်ယူသိမ်းဆည်းနိုင်ပြီး နေရာတိုင်းအချိန်တိုင်းကိုယ်နှင့်မကွာ သယ်ယူနိုင်ပါတယ်။
Cell C100/GP10 သည်LED အချက်ပြမီး၄ခုပါရှိသောကြောင့် အားသွင်းမှုအခြေအနေကို အားသွင်းရာတွင် ကောင်းမွန်စွာသိရှိနိုင်ပါသည်။ အားသွင်းသောအခါတွင် ဘတ်ထရီ၁၀၀% ပြည့်သွားသော် ဆက်လက်အားသွင်းမှုကိုရပ်တန့်စေသောကြောင့် ပိုမိုအားသွင်းမှုကြောင့် ဘတ်ထရီပျက်စီးခြင်းများမှ ကာကွယ်ပေးပါသည်။ C100သည် Multil-level အဆင့်သတ်မှတ်ထားသောဗို့(Volt)အားထက်လျော့နည်းခြင်း၊ အမ်ပီယာ(A)များပြားခြင်း၊ တွဲဖက်အသုံးပြုသော deviceတွင် Shock ဖြစ်ပေါ်နေပါက အားပေးမသွင်းခြင်းစသည်တို့ကို ကာကွယ်မှုပေးစွမ်းနိုင်သောကြောင့် အန္တရာယ်ကင်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။