သေးသွယ်သော ကိုယ်ထည်နှင့် အမြင်အာရုံကို ဖမ်းစားနိုင်သော အရောင်များကို ရွေးချယ်နိုင်သော Jewel J06သည် သေးငယ်သော အရွယ်အစားနှင့်ပေါ့ပါးသော အလေးချိန်ရှိသောကြောင့် နေ့စဉ် သယ်ဆောင်ရာတွင် လွယ်ကူစေပါသည်။ လိုက်လျောညီထွေသော ပုံစံသည် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပြီး ကိုင်ဆောင်ရလွယ်ကူစေရန် အထူးဖန်တီးထားသော ဒီဇိုင်းဖြစ်ပါသည်။
Jewel J06 သည် ပြေပြစ်သော အကွေးပုံစံနှင့် မြောင်းပုံစံနှင့်ချိတ်ဆက်တည်ဆောက်ထားသောကြောင့် လုပ်ဆောင်ချက်တွေနှင့် သယ်ဆောင်ခြင်းအတွက် လိုအပ်ချက်တွေကို လွယ်ကူရိုးရှင်းစွာ ဖြည့်စွက်ပေးနိုင်ပါသည်။
ဒေတာပျောက်ဆုံးမှုနှင့် ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်သော Jewel J06သည် COB (Chip On Board) နည်းပညာနှင့် ကြာရှည်ခံနိုင်သော ရာဘာပစ္စည်းကို အသုံးပြုထားသောကြောင့် ရေစိုမှု ဖုန်ဒဏ်နှင့် တုန်ခါမှုဒဏ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါသည်။
လျင်မြန်သော USB 3.2 Gen 1 (USB 3.0) သည် ဖတ်နှုန်းနှင့် ရေးနှုန်းကို အမြန်ဆုံးနှုန်းဖြင့် လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့ကြောင့် လွယ်ကူစွာ edit လုပ်ခြင်း (သို့) ကြီးမားသော graphic နှင့် HD video ဖိုင်တွေကို လျင်မြန်စွာ သိမ်းဆည်းနိုင်သောကြောင့် သင်ရဲ့ တန်ဖိုးရှိသော အချိန်များကုန်လွန် ခြင်းကိုသက်သာစေနိုင်ပါသည်။
ဖော်ပြချက် | Organizer | နိုင်ငံ | Year |
Taiwan Excellence Award | Taiwan External Trade Development Council | Taiwan | 2015 |
Red Star Design Award | 北京工業設計促進中心 | China | 2014 |
ဖော်ပြချက် | Taiwan Excellence Award |
Organizer | Taiwan External Trade Development Council |
နိုင်ငံ | Taiwan |
Year | 2015 |
ဖော်ပြချက် | Red Star Design Award |
Organizer | 北京工業設計促進中心 |
နိုင်ငံ | China |
Year | 2014 |